ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့်
ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူး ပါတယ်။ သူဟာ ထင်ထားတာထက် ပိုမြင့်မြတ်သူပါ။ ဒီရက်ပိုင်းမှ သူဟာ ဆေးရုံမှာ သူ့အလှည့်ကျဖို့အတွက် သာမန်လူလို စောင့်ဆိုင်းတတ်သူဆိုတာကိုလည်း သိလိုက်ရ ပါတယ်။
လစဉ် အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကို လစာ အဖြစ် ရရှိပေမယ့် ၉၀ ရာခိုင်နှုန်းကို ဆင်းရဲသားများသို့ လှူဒါန်းခြင်း အသေးစား စွန့်ဦးတီထွင်သူများကို ပေးအပ်မြေတောင်မြောက်ခြင်းတို့ကို ပြုလုပ်ပါတယ်။ အိမ် နဲ့ ခြံဟာလည်း သာမန်လူလို ပုံမှန်လေးသာ ဖြစ်ပြီး သွားလာဖို့အတွက်လည်း ဘယ်လုံခြုံရေးမှ မယူ ပါဘူး။ အိမ်မှာလည်း လုံခြုံရေး ထားရှိမထား ပါဘူး။ ၂၀၁၀ ခုနှစ် မှ လို့ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်လာတာ ယနေ့တိုင်လည်း သမ္မတ ဖြစ်နေ ပါသေးတယ်။ သူ့ကို နိုင်ငံတကာ ခေါင်းဆောင်များလည်း ချီးကျူးပြီး မီဒီယာများလည်း ဂုဏ်ပြု ဖော်ပြလေ့ ရှိပါတယ်။
တစ်ချိန်တုန်းက အစိုးရဆန့်ကျင်သူပုန်ခေါင်းဆောင် ဖြစ်ခဲ့ပြီး တိုင်းပြည် ပြုပြင်ပြောင်းလဲရေးအချန် ရောက်တဲ့အခါ သေနတ်နဲ့ အုပ်ချုပ်မင်းလုပ်ခြင်းထက် နှလုံးသားနဲ့ အုပ်ချုပ်မင်းလုပ်ခြင်းကို လိုလားလို့ သာမန်လူလို ရွေးကောက်ပွဲ ၀င်ပြိုင် အနိုင်ရခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်ဖို့သာ ကြိုးပမ်းအားထုတ်သူ ဖြစ်ပြီး သမ္မတသာ ဖြစ်ပေမယ့် ဘာအဆောင်အယောင်မှာ ရှိသူ မဟုတ်ပါဘူး။ ပါရာဂွေး၊ ပီရူးနဲ့ မက္ကဆီ နိုင်ငံတို့ကလည်း သူ့ကို ဂုဏ်ပြု ဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
ျေေေေေေေေေေြေြုျုူုျိ့အောင်ခမ်း (ရိုးရာလေး)
Sunday, October 26, 2014
Subscribe to:
Post Comments (Atom)
Recent Posts
-
ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့် ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစ...
-
BY : 7daydaily ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးသည် နိုဝင်ဘာ ၂၀ ရက်တွင် ရမန်လေးကြိမ် ပြည့်မည်ဖြစ်ပြီး ထိုရက်အတွင်း ထို...
-
Typing Master full version download link :: https://files.fm/u/h57qz477#_

0 comments:
Post a Comment